ထားဝယ်တွင် လိုင်စင်မဲ့အရက်ဆီ၊ ဘီယာနှင့်အရက်ဖာများ ဖမ်းမိ

mdn

ထားဝယ် ၉  ဧပြီ  

ထားဝယ်ခရိုင်၊ မှုခင်းနှိမ်နှင်းရေးဌာန အဖွဲ့ခေါင်းဆောင် ရဲအုပ်အောင်သူနှင့်အဖွဲ့သည် ဧပြီ ၇ ရက် မွန်းလွဲပိုင်းက ထားဝယ်မြို့၊  အိုးလုပ်ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုအား သက်သေများနှင့်အတူ သွားရောက်ရှာဖွေရာ လိုင်စင်မဲ့ အရက်ဖြူ (အဆီ) ပေပါများနှင့် လိုင်စင်မဲ့ အရက်များဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ က သက်သေများနှင့်အတူ ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်း၊ အိမ်အမှတ်(၂၇၀)ရှိ ဒေါ်မိုးမိုးနေအိမ် ဂိုဒေါင်၌ လိုင်စင်မဲ့အရက်များ သိုလှောင်ထားကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေရာ လိုင်စင်မဲ့အရက်ဖြူ တစ်ပီပါတွင် ဂါလန် ၅၀ ပါ၊ ပီပါ (၁၂)လုံး နှင့် လိုင်စင်မဲ့ ဘီယာနှင့်အရက်ဖာများ  ဖမ်းဆီးရမိသဖြင့် ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။ 

နန္ဒကျော်စွာ