ထော်လာဂျီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးမှု လှည်းကူး၌ ဖြစ်ပွား

လှည်းကူး      ၅    ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာ မိုင်တိုင်အမှတ်(၂၈/၃)နှင့် (၂၈/၂) ကြားတွင် ဧပြီ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ယာဉ်နှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။       

 

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အမှတ်(၂)လမ်းအတိုင်း ဇရပ်ကွင်းလမ်းဆုံဘက်မှ အင်းတိုင်ကျေးရွာ ဘက် (မြောက်မှတောင်)သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ၉ဌ/-----လီဖန်းထော်လာဂျီ အပြာရောင် အငှားယာဉ်သည် အင်းတိုင်ကျေးရွာ၊ မိုင်တိုင်အမှတ် (၂၈/၃)နှင့်(၂၈/၂)ကြား အရောက်တွင် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်စီးမောင်းသူ ဦးမျိုးဝင်း၏ ဆိုင်ကယ်နှင့် လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် ယာဉ်နှင့် ဆိုင်ကယ်ပျက်စီးကာ ဆိုင်ကယ်စီးမောင်းသူ ဦးမျိုးဝင်းတွင် ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။   

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)နှင့် ဆိုင်ကယ်အား မဆင်မခြင် စီးမောင်းသူ ဦးမျိုးဝင်းတို့ (၂)ဦးစလုံးအပေါ် လှည်းကူးမြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။           

 

နိုင်လင်း(လှည်းကူး)