ထီးချိုင့်မြို့ ဧရာဝတီတံတားပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦးသေဆုံး

ထီးချိုင့်  ၁၈  ဇူလိုင်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့၊ ဧရာဝတီတံတားပေါ်တွင် ကားနှင့်ဆိုင်ကယ် တိုက်မှု ဖြစ်ပွားရာ ဆိုင်ကယ်မောင်သူနှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက်နေ့ နာရီ အချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ မြတောင်နယ်မြေ ရဲကင်းစခန်းမှူး ဒုရဲအုပ်အာကာမင်း ဦးစီးသော အဖွဲ့သည် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူး တံတားပေါ်တွင် ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာနေ ဦးခင်မောင်အေး မောင်းနှင်လာသော ယာဉ်သည် ထီးချိုင့်မြို့နယ်၊ ဆူးပုံချောင်းကျေးရွာနေ ဦးထွန်းလွင် မောင်းနှင်ပြီး ထီးချိုင့်မြို့၊ စံပြရပ်ကွက်နေ ဦးမြင့်ဖေနောက်မှ လိုက်ပါလာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိရာ ဦးထွန်းလွင် နှင့် ဦးမြင့်ဖေတို့ နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ဦးခင်မောင်အေးအား ယာဉ်စည်ကမ်း ဥပဒေအရ ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)