ထီးချိုင့်မြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်

နေပြည်တော် ၆ မေ

 

ယနေ့ ည ၈ နာရီ ၁၀ မိနစ်တွင် ထီးချိုင့်မြို့၏ အနောက်‌မြောက်ဘက် (၁၀) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၃.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၁)ဒီဂရီ၊ အနက်(၂)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

 

MDN