ထီးချိုင့်မြို့နယ်အတွင်းမှ wy စိတ်ကြွဆေးပြား (၄၂၈) ပြား ဖမ်းမိ

ထီးချိုင့် ၂၈ မတ် 


မတ် ၂၇ ရက် ညပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာအတွင်းမှ wy စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မတ် ၂၇ ရက် ည ၈ နာရီခန့်တွင် ကသာခရိုင်၊ မှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ကောင်းမြတ်ထွန်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် ထီးချိုင့်မြို့နယ်၊ တုံလုံကျေးရွာနေ သောင်းညွန့် ဆိုသူ၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။


ယင်းသို့ရှာဖွေရာတွင် ၎င်း၏နေအိမ်အတွင်းမှ wy စိတ်ကြွဆေးပြား (၄၂၈) ပြား၊ ကာလတန်ဖိုးငွေ ကျပ် ၂၁၄၀ဝ၀ဝ နှင့်အတူ မူးယစ်ဆေးဝါး ရောင်းချရငွေဟု ယူဆရသော မြန်မာငွေစက္ကူရောရာ ၅၁၅၀ဝ အား ရှာဖွေစစ်ဆေးတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိသူ သောင်းညွန့်၊ တုံလုံကျေးရွာ၊ ထီးချိုင့်မြို့နယ်နေသူအား ထီးချိုင့် မြို့မရဲစခန်းမှ မူးယစ်ဆေးဝါး ဥပဒေအရ ဖမ်းဆီးအရေးယူထားကြောင်း သိရပါသည်။                                                        


လူအောင်(ကသာ)