ထီးလင်းမြို့နယ် ကင်းပန်းရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်

ထီးလင်း  ၇   ဇွန် 

 

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကင်းပန်းရွာ အခြေခံပညာမူလတန်းလွန်ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းဝင်း၌ ပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်ဟောက်ခန့်ကျိန် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ဖွင့်ပွဲကိုဆက်လက်ကျင်းပရာ ကင်းပန်းရွာ ဆရာတော် ဥူးစန္ဒာဝရက ကျေးရွာ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ သြဝါဒစကား မိန့်ကြားတော်မူပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဟောက်ခန့်ကျိန် က ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်လင်းက ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်ပြောကြားကာ  ကျောင်းသား ကျောင်းသူများက ပဒေသာအကများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြသည်။

 

ထီးလင်းမြို့နယ်တွင် ယခုစာသင်နှစ်၌ အထက(ခွဲ) ၇ ကျောင်း၊ အလက ၆ ကျောင်း၊ အလက(ခွဲ) ၃ ကျောင်း၊ မူလတန်း(လွန်) ၂ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်သွားမည်ဟု သိရသည်။

 

စိန်ကျော်