ထီးလင်းမြို့နယ်၌ မိုးမြေပဲ(ဆင်းပဒေသာ-၁၁) နှင့် မကွေး(၁၆) မြေပဲမျိုး စိုက်ထည့်

ထီးလင်း ၂၈  ဇူလိုင်

မိုးမြေပဲ(ဆင်းပဒေသာ-၁၁)နှင့် မကွေး(၁၆) မြေပဲမျိုး စိုက်ထည့်ခြင်းကို ဇူလိုင် ၂၈ ရက် နံနက် ၇ နာရီခွဲက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာရှိ တောင်သူ ဦးညိုမောင်၏ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (ယာမြေ)နေရာ၌ ဆောင်ရွက်ခဲ့ကြသည်။

 

512

 

ယင်းသို့ မိုးမြေပဲ စိုက်ထည့်ရာ၌ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခင်ဦးနှင့် ဒုတိယဦးစီးမှူး ဦးသန်းလွင်တို့က မိုးမြေပဲ(ဆင်းပဒေသာ-၁၁)မျိုး ၁၂ တင်း၊ မကွေး(၁၆)မြေပဲမျိုး (၁၈)တင်းနှင့် သွင်းအားစု ဓာတ်မြေသြဇာများကို တောင်သူများအား ပေးအပ်ကြပြီး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၅)ဧက၌ တောင်သူ ၂၀ ဦးတို့က တက်ရောက်စိုက်ထည့်ခဲ့ကြသည်။

“တောင်သူတွေအနေနဲ့ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်ဆောင်ရွက်ကြတဲ့နေရာမှာ မိရိုးဖလာ လုပ်ကိုင်ကြရာကနေပြီးတော့ စိုက်နည်းပျိုးနည်း စတဲ့ နည်းစနစ်တွေကို ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနက ကူညီပံ့ပိုး ဆောင်ရွက်ပေးပါတယ်။ တောင်သူပညာပေး ဟောပြောပွဲတွေ ဆောင်ရွက်ပေးသလို အခုလို လယ်ထဲယာထဲအထိ အရောက်သွားပြီး လက်တွေ့ပြသ ဆောင်ရွက်ပေးတော့ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တောင်သူတွေရဲ့ ထွန်ယက်စိုက်ပျိုးတဲ့နေရာမှာ တိုးတက်ပြောင်းလဲမှုတွေ ရရှိလာပါတယ်”ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခင်ဦးက ပြောသည်။

မြို့နယ် (ပြန်/ဆက်)