ထိန်ပင်အမှိုက်ပုံ မီးလောင်

ရန်ကုန် ၁၃ ဧပြီ

 


ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ လှိုင်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ အလုံမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ထန်းတပင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ Erssdo အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ လှိုင်သာယာမြို့နယ် မီးသတ်စခန်းခွဲမှ ရေသယ်ယာဉ်(၁)စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ ကနဉီးသိရှိရသည်။

 


MDN