ထိုင်းအကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်သူ  ၁၀၀၀၀ နီးပါးရှိလာခဲ့ပြီး နေ့စဉ် ရောဂါကူးစက်မှု စံချိန်တင်

မေ ၁၇

 

ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက်ကူးစက်သူ ၁၀၀၀၀ နီးပါးရှိလာခဲ့ပြီး နေ့စဉ်ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့သည်ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အကျဉ်းထောင်တွင် ရောဂါကူးစက်ခံရသူ ၆၈၅၃ ဦး အပါအဝင် ရောဂါကူးစက်ခံရသူ  ၉၆၃၅ ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု  ကိုဗစ်ဆိုင်ရာအခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၏ ပြောကြားချက်အရ သိရသည်။

 

ယနေ့တွင် အကျဉ်းထောင်၌ အစုလိုက်အပြုံလိုက်ကူးစက်မှုမပါ  ရောဂါကူးစက်ခံရသူ ၂၇၈၂ ဦး  ထပ်မံတွေ့ရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရမှု တတိယလှိုင်းစတင်ဖြစ်ပွားချိန် ဧပြီလမှစတင်ကာ ရောဂါကူးစက်မှု ၇၀ ရာခိုင်နှုန်းအထက် ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၁၁၀၈၂ ဦးအထိ ရှိလာသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၅ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၆၁၄ ဦးအထိ မြင့်တက်လာသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို