ဗီယင်ကျန်း  မတ်  ၁၇

ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာ လောင်ကွန်းနှင့် ဘုရင်မ ဆုသီဒါတို့သည် လာအိုနိုင်ငံသို့ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်ခရီးစဉ်  သွားရောက်ခဲ့သည်ဟု ဆင်ဟွာသတင်းတစ်ရပ်တွင် မတ် ၁၇ ရက်က ဖော်ပြလိုက်သည်။

ထိုင်းဘုရင်မင်းမြတ်နှင့် ဘုရင်မတို့သည် လာအိုသမ္မတ သောင်လွန်းဆစ်စိုလစ်၏ ဖိတ်ကြားချက်ဖြင့် လာအိုနိုင်ငံသို့ နိုင်ငံ‌တော်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဘုရင်မင်းမြတ်၏ ယခုခရီးစဉ်သည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံကြား ရေရှည်တည်တံ့ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် ရေရှည်တည်တံ့သော တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုအတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်ဟု လာအို စီးပွားရေး  နေ့စဉ်သတင်းတွင်  မတ်  ၁၇  ရက်က  ဖော်ပြခဲ့သည်။

မတ် ၁၇ ရက် နံနက်ပိုင်းတွင် တရားဝင်ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ ကြိုဆိုပွဲကျင်းပပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်ကြီးများသည်  တရားဝင်တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။     

ဆင်ဟွာ