ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိ

ရန်ကုန်၂  စက်တင်ဘာ

၂၀၁၉ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သြဂုတ်လ(၂၅)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း(၃၆)နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ပြီး မြန်မာအသင်းက ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ် (၁)ခုနှင့်ကြေးတံဆိပ်(၁)ခု ဖြင့်ဆွတ်ခူးရရှိခဲ့သည်။

 

mdn

 

ပြိုင်ပွဲများအပြီးတွင် အမျိုးသားနှစ်ယောက်တွဲ၌ မြန်မာအသင်းက ပထမ ၊ တောင်ကိုရီးယား အသင်းက ဒုတိယနှင့် မလေးရှားအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့က ပူးတွဲတတိယအဖြစ်လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၌ မြန်မာအသင်းက ပထမ၊ လာအိုအသင်းက ဒုတိယနှင့် အင်ဒိုနီးရှားအသင်းနှင့်တောင်ကိုရီးယား အသင်းတို့ကပူးတွဲ တတိယဖြင့် လည်းကောင်း၊ အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယနှင့် ဖိလစ်ပိုင်အသင်းနှင့် ဗီယက်နမ်အသင်းတို့က ပူးတွဲတတိယဖြင့် လည်းကောင်း၊ အမျိုးသား အသင်းလိုက် ပြိုင်ပွဲတွင် ထိုင်းအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့် မြန်မာအသင်းနှင့် မလေးရှား အသင်းတို့က ပူးတွဲတတိယဆုများ ရရှိကြပြီး မြန်မာနိုင်ငံက နှစ်ယောက်တွဲပြိုင်ပွဲများတွင် နိ်ုင်ငံအလိုက် အဆင့် (၁) ရရှိခဲ့သည်။

 

mdn

 

အဆိုပါ အောင်ပွဲရ မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ယနေ့နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိကာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့်ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲအောင်နှင့်အမှုဆောင်များ၊ ဒိုင်လူကြီးများနှင့် နည်းပြများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြောင်း သတင်းရရှိသည်။

MDN