ထိုင်းစစ်အစိုးရ အာဏာသိမ်း လေးနှစ်မြောက်ကို ဆန့်ကျင် ဆန္ဒပြမယ့် ခေါင်းဆောင်အချို့ အဖမ်းခံရ

၂၂ မေ

ထိုင်းစစ်အစိုးရ အာဏာသိမ်း လေးနှစ်မြောက်ကို ဆန့်ကျင်တဲ့အနေနဲ့ အစိုးရရုံးအထိ ချီတက်ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ထိုင်းရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။ ဒီနေ့ စုဝေးတဲ့ လူဦးရေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အများဆုံးဖြစ်ပါတယ်။

ဗန်ကောက်မြို့ရှိ သမ္မာဆက်တက္ကသိုလ်ဝင်းအတွင်းမှာ တစ်ညလုံး ယာယီမိုးကာတဲတွေထိုးပြီး ဆန္ဒပြမယ့် လူ ၂၀ဝ လောက်စုဝေးခဲ့ပါတယ်။ အဲဒီမှာ ကာတွန်းရုပ်ပြောင်တွေကို ကိုင်ဆောင်ထားတာမျိုး ဥပမာ ပရာဝတ် ရဲ့ နှာခေါင်းက သာမန်ထက် ပိုရှည်တဲ့ ပီနိုချီးအို နှာခေါင်းပုံစံကို တပ်ထားတာမျိုး (ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်မယ်ဆိုပြီး ကတိ အကြိမ်ကြိမ်ချိုးဖောက်တာကို သဘောဆောင်တဲ့ ပုံ)၊ စစ်အာဏာသိမ်း ထပ်မလိုချင်တဲ့စာတမ်းမျိုးပါရှိတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားပါတယ်။

အခု ဆန္ဒပြဖို့ စုဝေးတဲ့ သူတွေထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသူကျောင်းသားများနဲ့ တက်ဆင် ကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့ဝင်ဟောင်းတွေ လည်းပါဝင်တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ယင်လတ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ ၂၀၁၄၊ မေလ ၂၂ ကတည်း နိုင်ငံရေးအရ လူစုလူဝေး လုပ်ခြင်းကို တားမြစ်ခဲ့ပါတယ်။

ထိုင်းစစ်ဦးစီးချုပ်၊ ဝန်ကြီးချုပ် ပရာဝတ်ချန်အိုချာ က ၂၀၁၉ ဖေဖော်ဝါရီမှာ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ အကြံပြုထားပါတယ်။

MDN.

ကိုးကား- AFP