ထိုင်းမှာ တစ်ယောက်ထိုင် လျှပ်စစ်ကား အသေးစားတွေ တိုယိုတာ စမ်းထုတ်

ဗန်ကောက် ၂၁ ဒီဇင်ဘာ


အာရှမြို့တော်တွေရဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေးနိုင်ဖွယ်ရာရှိတဲ့ တစ်ယောက်ထိုင် လျှပ်စစ်ကား အသေးစားတွေကို ထိုင်းနိုင်ငံမှာ စမ်းသပ်ထုတ်ဖို့ ဂျပန် တိုယိုတာ ကုမ္ပဏီက စီစဉ်နေတယ်လို့ သိရပါတယ်။


ဗန်ကောက်ရဲ့ တက္ကသိုလ်တစ်ခုမှာ နှစ်နှစ်ကြာ စမ်းသပ်မှုတွေအပြီး အခမ်းအနား တစ်ခုအနေနဲ့ အင်္ဂါနေ့က ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုယိုတာကနေ တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအတွက် တစ်ယောက်ထိုင် ယာဉ်အစီးပေါင်း ၃၀ ကို ထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။ အသုံးပြုသူတွေဟာ ကားတစ်စီးကို သူတို့ရဲ့ စမတ်ဖုန်းတွေပေါ်ကနေ မှာယူနိုင်ပြီး ပထမ မိနစ် ၂၀ အတွက် ၉၀ ဆင့် ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ထိုင်းတိုယိုတာ မော်တာ ဥက္ကဋ္ဌ နင်နတ် ချသီရာပင်ယိုက မြို့ပြ သယ်ယူပို့ဆောင်ရေး အတွက်လည်း ရွေးချယ်စရာတွေ ထပ်မံ ချဲ့ထွင်သွားဖို့ပြောပြီး အဆိုပါယာဉ်တွေဟာ အများပြည်သူသုံး လမ်းမတွေကို ချိတ်ဆက်ပေးစေရေးမှာ လူတွေအသုံးပြုဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။


အာရှမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အညီ ယာဉ်ကြော ကျပ်တည်းမှုကိုလည်း တစ်ပြိုင်တည်း ခံစားနေရတာဖြစ်ပါတယ်။ အသေးစား လျှပ်စစ်ကားလေးတွေကို အသုံးပြုခြင်းအားဖြင့် အဲဒီ အခက်အခဲကို လျှော့ချပေးပြီး ယာဉ်နဲ့ပတ်သက်တဲ့ အန္တရာယ်တွေကိုလည်း ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ တိုယိုတာက ယုံကြည်နေပါတယ်။


(အင်န်အိတ်ချ်ကေ)