ထိုင်းနိုင်ငံ ဘုန်းကြီးကျောင်းတချို့ စီးနင်းစစ်ဆေးခံရ

၂၅ မေ

ထိုင်းနိုင်ငံရှိ မဟာသံဃကောင်စီ (SSC) မှာ ငွေအလွဲသုံးစားမှုကြောင့် ထေကြီးဝါကြီး ဘုန်းတော်ကြီး ၃ ပါးကို သူတို့ရဲ့ ရာထူးနေရာကနေ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့က အခုလို ဘုန်းကြီးကျောင်းတချို့အား စီးနင်းမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။ 

အဲဒီဘုန်းကြီး ၃ ပါးဟာ ၎င်းတို့ သီတင်းသုံးတဲ့ ကျောင်းတွေမှာ နိုင်ငံတော်ကနေ လှူဒါန်းထားတဲ့ ငွေတွေကို သူတို့ကိုယ်ကျိုးအတွက် သုံးစွဲတယ်လို့ ယူဆထားတဲ့အတွက် ရဲတပ်ဖွဲ့ကနေ အလိုရှိနေတာ ဖြစ်ခဲ့ပါတယ်။ 

အဲဒီဘုန်းတော်ကြီးတွေ သီတင်းသုံးတဲ့ ကျောင်းတိုက် တစ်တိုက်ဟာ ၂၀၁၄ ခုနစ်က ဓမ္မစာသင်ကျောင်း မဖွင့်ဘဲ အစိုးရဆီကနေ ထိုင်းဘတ်ငွေ ၈၇.၅ သန်းကို လက်ခံယူထားပါတယ်။ နှစ်နှစ်ကြာပြီးနောက်မှာ စီမံကိန်း ၂ ခု အတွက် ထိုင်းဘတ်ငွေ ၃၇.၂ သန်းနှင့် ၃၂.၅ သန်း အသီးသီး လက်ခံရယူပြန်ခဲ့ပါတယ်။ 

နိုင်ငံတော်ငွေ အလွဲသုံးစားလုပ်မှုနဲ့ ဆက်စပ်မှုရှိနေတဲ့ ဘုန်းတော်ကြီး ၅ ပါးကို ဖမ်းဆီးထားပြီး ၂ ပါးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ 

ထွက်ပြေးလွတ်မြောက်နေဆဲ စကျပ်ကျောင်းက ဆရာတော်မှာ ဘဏ်စာအုပ် ၁၀ ခုရှိပြီး အဲဒီမှာ ငွေစာရင်းအရ ထိုင်းဘတ်ငွေ ၁၃၂ သန်းရှိတာကို ဖော်ထုတ်တွေ့ရှိကြောင်းနဲ့ အခုလို လွတ်မြောက်နေပေမယ့် ရှာဖွေဖမ်းဆီးသွားမှာဖြစ်ကြောင်း ရာဇတ်မှု တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်က သတင်းထောက်တွေကို ပြောပါတယ်။ 

MDN
ကိုးကား-The Nation