ဧပြီ ၆
ထိုင်းနိုင်ငံ ဖူးခက်တွင် စပိဘုတ်ပေါက်ကွဲမှုနှင့် မီးလောင်မှုကြောင့် ငါးဦး ဒဏ်ရာရရှိပြီး တစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် အာဏာပိုင်များက ပေါက်ကွဲမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံမီဒီယာများက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်သည် ဆိပ်ခံတံတားတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် တာဝန်ရှိသူများက စပိဘုတ်ကို ပင်လယ်ပြင်ဘက်သို့ ဆွဲထုတ်ခဲ့ပြီး မီးငြိမ်းသတ်ရေး သင်္ဘောများကိုလည်း ယင်းနေရာသို့ စေလွှတ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


