ထိုင်းနိုင်ငံ တောင်ပိုင်းက ဈေးအတွင်းမှာ ဗုံးပေါက်ကွဲလို့ လူ ၃ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရ

ဗန်ကောက် ၂၂ ဇန်နဝါရီ

ထိုင်းနိုင်ငံတောင်ပိုင်း ရာလ ခရိုင်အတွင်းက ဈေးတစ်ခုအတွင်းမှာ လွန်ခဲ့တဲ့ နာရီပိုင်းအတွင်း မော်တော်ဆိုင်ကယ် ဗုံးပေါက်ကွဲပြီး လူ ၃ ဦးသေဆုံးပြီး၊ ၂၂ ဦးဒဏ်ရာ ရရှိကြောင်း ပြည်တွင်းလုံခြုံရေး စီမံဆောင်ရွက်နေတဲ့ အဖွဲ့ (ISOC) က ထုတ်ပြန်ကြေငြာထားပါတယ်။

ထိုင်းတောင်ပိုင်းရှိ နာရာသီဝပ်၊ ပဌာနီ နှင့် ရာလ ခရိုင်တွေမှာ မူစလင်အများစု နေထိုင်ပြီး အဲဒီဒေသတွေဟာ ထိုင်းနိုင်ငံကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိဖို့အတွက် မလေ းမူစလင် ခွဲထွက်ရေးသမားတွေက နှစ်ရှည်လများ အခြေကုတ်ယူပြီး တိုက်ခိုက်မှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ၂၀ဝ၄ ခုနှစ်ကစပြီး ဗုံးကွဲတိုက်ခိုက်မှု နဲ့ အခြားသောတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ခြောက်ထောင်ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်တဲ့သူက ဗုံးတစ်လုံးကို မော်တော်ဆိုင်ကယ်မှာ ထောင်ထားပြီး အဲဒီ ဆိုင်ကယ်ကို ဈေးလှည်းအနောက်မှာ ထားခဲ့တာဖြစ်ပါတယ်။ အဲဒီဆိုင်ကယ်က ပေါက်ကွဲပြီး လူ ၃ ဦး အသက်ဆုံးရှုံး ခဲ့တာပါလို့ ISOC အဖွဲ့ရဲ့ ပြောခွင့်ရသူက သတင်းဌာနတွေကို ပြောကြားပါတယ်။

အခုထိတော့ အဲဒီ ဗုံးကွဲမှုကို ဘယ်အဖွဲ့ကမှ သူတို့လုပ်တာပါလို့ ပြောဆိုခြင်းမရှိသေးပါဘူး။

MDN

ကိုးကား ရိုက်တာ