ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ဇန်နဝါရီလအတွင်း ၇၅ ရာခိုင်နှုန်းမြင့်တက်

 

ဗန်ကောက်၊ ဖေဖော်ဝါရီ ၂၇

 

ထိုင်းနိုင်ငံ၏  ဆန်တင်ပို့မှုသည်  ဇန်နဝါရီလ အတွင်းက ဆန်တန်ချိန် ၈၀၅၅၁၉ တန်တင်ပို့ နိုင်ခဲ့ခြင်းကြောင့် ဆန်တင်ပို့မှု ၇၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၇ ရက် တွင် ပြောကြားသည်။

 

ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုတန်ဖိုးသည် ထိုင်းဘတ် ၁၄ ဒသမ ၂၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄၀၇ သန်းခန့်)ရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၈ ဒသမ ၇၆ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရွန်နာရွန်ဖူးလ်ပီပက်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင်ပြောကြားသည်။

 

ထိုင်းနိုင်ငံ၏ ဆန်ကို အဓိကဝယ်ယူသည့်နိုင်ငံများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၁ ခုနှစ်အတွင်းက တန် ၆၃၀၀၀၀ သာ တင်ပို့နိုင်ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဆန်တန်ချိန် ၂ ဒသမ ၃ သန်းအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

 

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံများအနက်မှ တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၇ ဒသမ ၆၉ သန်းတင်ပို့နိုင်ခဲ့ခြင်းကြောင့် နှစ်စဉ်ပုံမှန်တင်ပို့နိုင်ရေး မျှော်မှန်းချက် ဆန် တန်ချိန် ၇ ဒသမ ၅ သန်းကို ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်