ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ပထမသုံးလအတွင်း ၁၈ ဒသမ ၄၈ ရာခိုင်နှုန်းမြင့်တက်

 

ဘန်ကောက် ဧပြီ ၂၄

 

အာရှနှင့် အာဖရိကဈေးကွက်များ မှ ဝယ်လိုအား တိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏  ဆန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်  ပထမသုံးလတွင် တန်ချိန် ၂ ဒသမ ၀၆ သန်းရှိရာမှ နှစ်အလိုက် ၁၈ ဒသမ  ၄၈ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း တရားဝင်အချက်အလက်များက ဧပြီ ၂၄ ရက်တွင် ဖော်ပြထားသည်။

 

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ဇန်နဝါရီလမှ မတ်လအတွင်း ဆန်တင်ပို့မှုမှ ဘတ် ၃၈ ဒသမ ၀၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ ဘီလီယံ) ဝင်ငွေရရှိရာ ပြီးခဲ့သည့်နှစ်ကထက် ၂၉ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

အင်ဒိုနီးရှား၊ အမေရိကန်နှင့် တောင်အာဖရိကနိုင်ငံတို့ပြီးလျှင် စုစုပေါင်းတင်ပို့မှု၏ ၁၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အီရတ်နိုင်ငံက ထိုင်းနိုင်ငံမှ ဆန်များကို အဓိကတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း ဝန်ကြီးဌာန၏ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ရွန်နာရောင်း ဖူးပီပက်က ပြောသည်။

 

အာရှနှင့် အာဖရိကနိုင်ငံများ၏ ဝယ်လိုအားကြောင့် ဆန်တင်ပို့မှု မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ အဆိုပါ ဝယ်လက်များက ၎င်းတို့၏ ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှုကို ထိန်းသိမ်းထားခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုထားသည်။

 

စိုက်ပျိုးရေ လုံလောက်စွာရရှိ ခြင်းကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာမြင့်တက် လာမည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး ဌာနမှသိရသည်။

 

ဆင်ဟွာ