ထိုင်းနိုင်ငံက ပင်လယ်စာဈေးနဲ့ ဆက်နွှယ်သူတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် လူပေါင်း ၁၀,၀၀၀ ကျော်အား ရောဂါပိုးစစ်ဆေး

၂၁ ဒီဇင်ဘာ

 

 

ထိုင်းနိုင်ငံက ပင်လယ်စာရောင်းချတဲ့ အကြီးဆုံးဈေးနဲ့ ဆက်နွှယ်သူတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် လူပေါင်း ၁၀,၀၀၀ ကျော်ကို ရောဂါပိုးစစ်ဆေးမယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

 

 

ကြာသပတေးနေ့က ပုစွန်ရောင်းတဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး နောက်ပိုင်း မဟာချိုင်ရှိ ပင်လယ်စာဈေးနဲ့ ဆက်စပ်ပြီး ရောဂါပိုးတွေ့ရှိသူ ရာချီရှိကြောင်းနဲ့ ပိုးတွေ့ရှိသူ အများစုဟာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆၈၉ ဦးရှိကြောင်း တနင်္ဂနွေနေ့က တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး စစ်ဆေးမှုကို လူပေါင်း ၁၀,၃၀၀ ဦးအား ဗုဒ္ဓဟူးနေ့အထိ ဆက်လက်စစ်ဆေးပေးမှာ ဖြစ်ကြောင်းနဲ့ ရွှေ့ပြောင်းလုပ်သားတွေအား ပိုးစစ်ဆေးမှုဟာ အခမဲ့ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းဆိုင်ရာဌာနရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

 

မဟာချိုင်ရှိ ပင်လယ်စာရောင်းချတဲ့ အကြီးဆုံးဈေးနဲ့ ပတ်ဝန်းကျင်ဒေသအား စနေနေ့ကစပြီး ဇန်နဝါရီလဆန်းပိုင်းအထိ အသွားအလာကန့်သတ် (lockdown) သတ်မှတ်ထားပါတယ်။ အသွားအလာ ကန့်သတ်လိုက်တဲ့အတွက် ကျောင်းတွေ၊ အားကစားခန်းမတွေ၊ အားကစားကွင်းတွေနဲ့ ရှော့ပင်းမောတွေအပေါ် သက်မှုရှိကြောင်း သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်ရာ ဒေသရှိ နိုင်ငံခြားသား လုပ်သားတွေအား အဲဒီဒေသကနေ ထွက်ခွာခွင့် မရှိကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။

 

 

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ ဦးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP