ဘန်ကောက်  ဖေဖော်ဝါရီ  ၁၈

ထိုင်းပြည်သူများသည် နိုင်ငံတစ်ဝန်းကျင်းပသော  တရုတ်နှစ်သစ်ကူးပွဲတော်များတွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျက်ရှိကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယမန်နှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါးခဲ့သောကြောင့် ထိုင်းခရီးသွားလုပ်ငန်းသည် ယခု အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံမှ ခရီးသည်အများအပြားဝင်ရောက်လာရန် မျှော်မှန်းထားသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင်  တရုတ်ရိုးရာအက ဖျော်ဖြေမှုများကို  ညစဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။ ထို့ပြင်  ဒေသခံများသည်  လူအုပ်ထဲတွင်   ခရီးသွားဧည့်သည်များနှင့် ပူးပေါင်းပါဝင်ဆင်နွှဲကာ အများစုမှာ မိမိတို့နိုင်ငံအတွက် ကံကောင်းခြင်းနှင့် ငြိမ်းချမ်းမှုများရရှိစေရန်  ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အဓိကကျသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ကျဆင်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုက  အကြောင်းရင်းတစ်ခုဖြစ်နိုင်သည့်အပြင် အခြားသော ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ထိုင်းဘတ်ငွေမြင့်တက်မှုကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုအားလပ်ရက် ကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်ဝင်ရောက်မှု ၁၀ ရာခိုင်နှုန်း မြင့်တက်လာစေရန် မျှော်မှန်းထား သည်။

အင်န်အိတ်ချ်ကေ