ထိုင်းနိုင်ငံမှ ထုတ်လုပ်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေး လူသားများတွင် စမ်းသပ်

ဗန်ကောက် ၂၅ နိုဝင်ဘာ

ထိုင်းနိုင်ငံ အမျိုးသားဆေးဝါးအင်စတီကျူမှ ထုတ်လုပ်ရန်ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုးမှာ တိရစ္ဆာန်များတွင် စမ်းသပ်ခဲ့ရာ ထိရောက်မှုရှိသည်ကို တွေ့ရှိရပြီး ယခုအချိန်တွင် လူသားများ၌ စမ်းသပ်နေကြောင်း အဆိုပါအင်စတီကျူမှ ပြောကြားသည်။

စမ်းသပ်မှု အဆင့်(၂) ရောက်ရှိ ချူလာ ဆေးဝါးသုတေသနစင်တာမှ ထုတ်လုပ်မည့် mRNA ဆေးဝါးနှင့် BioNetAsia မှ ထုတ်လုပ်မည့် မျိုးရိုးဗီဇဆိုင်ရာ နည်းပညာကို အခြေခံပြီးထုတ်လုပ်မည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ လူသားများနှင့် စမ်းသပ်ရာတွင် အဆင့်-၂ သို့ ရောက်ရှိနေကြောင်း ထိုင်းနိုင်ငံအမျိုးသား ဆေးဝါးအင်စတီကျူမှ ညွှန်ကြားရေးမှူး ဖြစ်သူ ဒေါက်တာနာကွန်ပရန်ဆရီ က ပြောကြားသည်။

mRNA ဆေးဝါးအား လူသားများတွင် အတည်ပြုကုသမည့် အချိန်ကာလသည် လာမည့်နှစ် ဧပြီလအတွင်း ဖြစ်နိုင်ကြောင်း ချူလာဆေးဝါးသုတေသနစင်တာမှ ပြောကြား သည်။ mRNA ဆေးဝါးအား လူ ၇၇ ဦးနှင့် ကနဦးစမ်းသပ် ကုသသွားမည်ဖြစ်ပြီး ယင်းအဆင့် စမ်းသပ်ကုသမှုအောင်မြင်ပါက လူ ၆၀၀ နှင့် ထပ်မံစမ်းသပ်ကုသသွားမည်ဖြစ် ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ