ထိုင်းနိုင်ငံမှာ ပန်ဒါဝက်ဝံ သေဆုံးသွားတဲ့အပေါ် တရုတ်နိုင်ငံက သံသယဖြစ်နေ

၂၀ စက်တင်ဘာ


ထိုင်းနိုင်ငံရှိ  ချင်းမိုင်တိရစ္ဆာန်ဥယျာဉ် အတွင်းမှာ ထိုင်းလူမျိုးတွေရဲ့ အချစ်တော် ပန်ဒါဝက်ဝံအထီး ချောင်းချောင်းဟာ စက်တင်ဘာလ ၁၆ ရက်နေ့က သေဆုံးခဲ့ပါတယ်။ 

 

1

 


အသက် ၁၉ နှစ်အရွယ် ပန်ဒါ ချောင်းချောင်း သေဆုံးမှုနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံက ပညာရှင်တွေက စုံစမ်းစစ်ဆေးရန် ကြာသပတေးနေ့က ချင်းမိုင်မြို့ကို ရောက်ရှိလာပါတယ်။ သေဆုံးမှုကို တရုတ်-ထိုင်း ပူးတွဲအဖွဲ့ကနေ ခွဲစိတ်လေ့လာသွားမယ်လို့ သိရပါတယ်။ 


ချောင်းချောင်းဟာ ချင်းမိုင်တိရစ္ဆာန်ဥယျာဉ်ကို ၂၀ဝ၃ ခုနှစ် အောက်တိုဘာလက ရောက်ရှိခဲ့တာဖြစ်ပြီး ဝက်ဝံအမ လင်းဝေနဲ့အတူ လေအေးပေးစက် တပ်ထားတဲ့ အခန်းတစ်ခု အတွင်းမှာ အတူနေထိုင်ကြပါတယ်။ အဲဒီဝက်ဝံအစုံဟာ တရုတ်နိုင်ငံရဲ့ ဝက်ဝံသံတမန် ဆက်ဆံရေးအဖြစ် ရောက်ခဲ့တာအဖြစ် ငှားရမ်းခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံကို  ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်။ 


ပန်ဒါအမ လင်းဝေကနေ ၂၀ဝ၉ ခုနှစ် မေလ ၂၇ ရက်မှာ လင်ပင်း ဆိုတဲ့ ပန်ဒါလေးကို မွေးဖွားတဲ့အတွက် လင်ပင်းဟာ ပူနွေးစိုစွတ်တဲ့ရာသီမှာ ပထမဦးဆုံး မွေးဖွားတဲ့ ပန်ဒါအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။  ၁၆ နှစ်အတွင်းမှာ ပန်ဒါမိသားစုကို လာရောက်ကြည့်ရှု့သူပေါင်း ၁၅ သန်းလောက် ရှိခဲ့ပြီး အဲဒီကနေ အမေရိကန်ဒေါ်လာ ၁၀ သန်းလောက် ဝင်ငွေရှိခဲ့ကြောင်း သိရပါတယ်။ 


ဝက်ဝံတွေဟာ သဘာဝအတိုင်း အသက်ရှင်ရင် ၁၄- ၁၉ နှစ်အထိသာ ရှင်သန်နိုင်ပေမယ့် မွေးမြူထားခဲ့မယ်ဆိုရင် အနှစ် ၃၀ အထိ အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ချောင်းချောင်း ရုတ်တရက် သေဆုံးမှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာခြင်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ ဝီးဘိုပေါ်မှာ ချောင်းချောင်း သေဆုံးမှုမှာ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရန် အနေထားရောက်နေတဲ့ ဝါးလုံးကျွေးတဲ့အတွက် ဖြစ်တယ်လို့ ပျံ့နှံ့နေပါတယ်။ အဲဒီဗီဒီယိုကို ကြည့်ရှု့သူပေါင်း သန်း ၂၅၀ ကျော်ရှိကြောင်း သိရပြီး ပန်ဒါအမလေး လင်းဝေကို ပြန်လိုချင်ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ဟပ်ရှ်တပ်# နဲ့ တွဲတင်ထားကြောင်း သိရပါတယ်။ 


MDN
ကိုးကား - AFP