ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု တရားဝင်စတင်

 

 

ဘန်ကောက်၊ ဧပြီ ၄

ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု တရားဝင်စတင်လိုက်ပြီး ၎င်းက အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ပေါ်လာနိုင်စေကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

 

မေ ၁၄ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများအနေဖြင့် ဧပြီ ၃ ရက်တွင် စာရင်းပေးသွင်းမှု စတင်ခဲ့ကြသည်။ အောက်လွှတ်တော်၏ နေရာ ၅၀၀ အတွက် မဲပေး ခွင့်ရှိသော ပြည်သူ ၅၂ သန်းက မဲပေးရွေးချယ်ကြ ရမည်ဖြစ်သည်။

 

ပရာယွတ်ချန်အိုချာ ပါတီသစ်တွင်ပါဝင်ခဲ့

 

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် အာဏာရ ပလန်ပရာချာရတ်ပါတီအတွင်း လူကြိုက်နည်းလာ ပြီးနောက် ၎င်းအား ထောက်ခံသူများက ဖွဲ့စည်းထားသော ပါတီသစ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။

 

ပေတောင်တန်ရှင်နာဝပ်ထရာဖြူထိုင်းပါတီ အဖွဲ့ဝင်တစ်ဦးဖြစ်

 

အကြီးမားဆုံး အတိုက်အခံပါတီ ဖြူထိုင်း ပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထရာနှင့် နီးစပ်သည်ဟု ဆိုသည်။ ၎င်း၏ ဒုတိယမြောက် သမီးဖြစ်သူ ပေတောင်တန် ရှင်နာဝပ် ထရာသည် ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်သည်။

 

မဲပေးထောက်ခံမှုများ ရရှိနိုင်ရေးကြိုးပမ်းလုပ်ဆောင်သွားမည်

 

နောက်ဆုံးကောက်ယူရရှိသည့် သဘောထား စစ်တမ်းများအရ အတိုက်အခံပါတီသည် ပြိုင်ဘက် ပါတီများ၏ ရှေ့ရောက်နေကြောင်း သိရသည်။ မဲပေးထောက်ခံမှုများ ရရှိနိုင်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပေတောင်တန်က သတင်းထောက်များကို ပြောသည်။ ထို့ပြင် ၎င်းပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိရန် မျှော်လင့်ထားကြောင်းလည်း ဖြည့်စွက်ပြောသည်။

 

အင်န်အိတ်ချ်ကေ