ထိုင်းနိုင်ငံ၌ ဂျပန်လျှပ်စစ်ကားကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံကြရန် ထိုင်းဝန်ကြီးချုပ်တောင်းဆို

တိုကျို ဒီဇင်ဘာ ၁၄

ထိုင်းနိုင်ငံ၌ ဂျပန်လျှပ်စစ်ကားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းဆောင်ရွက်မှုတိုးချဲ့ရေးအတွက် ထိုင်းဝန်ကြီးချုပ် ဆရက်သာသာ ဗီဆင်က တိုက်တွန်းခဲ့သည်။

တိုကျိုမြို့၌  ကျင်းပသည့် ဂျပန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံမေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်-အာဆီယံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်ရေး နှစ် (၅၀)ပြည့်မြောက်သည့် အထိမ်း အမှတ်အဖြစ် ယင်းထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ၅၀ ကြာကာလအတွင်း ထိုင်းနိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဂျပန် ကုမ္ပဏီများက ထိုင်းနိုင်ငံတွင် ငွေကြေးရင်းနှီးမြှုပ်နှံခဲ့ခြင်းကို ဝမ်းမြောက်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ဂျပန်လျှပ်စစ်ကားကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံတွင်   လုပ်ငန်းအများအပြား လာရောက်ဆောင်ရွက်မည်ဆိုပါက အခွန်ငွေလျှော့ချပေးရေး ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ