ဗန်ကောက် မတ် ၃၀
ထိုင်းအစိုးရသည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ဇီဝဒီဇယ်ဆီ (B20) အား နိုင်ငံအတွင်း သုံးစွဲရန်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး လက်ထောက်ဝန်ကြီး ရာချာဒါ သနာဒီရက်က မတ် ၃၀ ရက်တွင် ပြောကြားသည်။
ဇီဝလောင်စာဆီတွင် စားအုန်းဆီ ၂၀ ရာခိုင်နှုန်း ရောစပ်ထားကြောင်း ၎င်းကပြောကြားသည်။ ယင်းဇီဝလောင်စာနှင့် ကိုက်ညီမှုရှိသည့် ယာဉ်များတွင် ထည့်သွင်းသုံးစွဲနိုင်ပြီး လောင်စာဆီဆိုင်ရာ ကုန်ကျစရိတ်ကို သက်သာစေကြောင်း သိရသည်။ အဆိုပါ လောင်စာဆီဈေးနှုန်းသည် တစ်လီတာလျှင် ငါးဘတ်သာရှိသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းများအတွက် လောင်စာဆီဈေးနှုန်းကြီးမြင့်သည့် လက်ရှိအချိန်တွင် သုံးစွဲရန် အဆင်ပြေမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးကျေးဇူးများရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
နိုင်ငံအတွင်း လောင်စာဆီရောင်းချသည့်လုပ်ငန်းများက ၎င်းဇီဝလောင်စာဆီကို ကျယ်ပြန့်စွာရောင်းချနေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


