ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၁၆၅၃၃ ဦးကို ထပ်မံတွေ့ရှိ

mdn

 

ဗန်ကောက် ဇူလိုင် ၂၉

 

ထိုင်းနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၁၆၅၃၃ ဦးကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၄၃၃၆၁ ဦး ရှိလာကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါစီမံခန့်ခွဲ ရေးအဖွဲ့က ယနေ့ပြောကြားသည်။

 

 အလားတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၁၃၃ ဦးထပ်မံသေဆုံးသည့်အတွက် အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၃၉၇ ဦးရှိလာကြောင်း အဆိုပါအဖွဲ့ကဆိုသည်။ မြို့တော် ဗန်ကောက်၌ ပြီးခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၉၇ ဦးကို တွေ့ရှိခဲ့သည်။

 

နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ နှင့် သေဆုံးမှုများမြင့်တက်လာသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် ဝန်ထုပ်ဝန်ပိုးများဖြစ် လာခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်ရန်အတွက် နိုင်ငံ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများပြားသော ဒေသများတွင် ကုသရေးဆေးရုံများကို ဖွင့်လှစ်ခဲ့ပြီး ရောဂါလက္ခဏာအနည်းငယ်သာပြသသော လူနာ များကို ၎င်းတို့၏ နေအိမ်များတွင်သာ ခွဲခြားစောင့် ကြည့်မှုခံယူစေလျက်ရှိသည်။

 

နိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များ ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လမှစတင်ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လက်ရှိ အချိန်အထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအလုံးရေ ၁၆ သန်းကျော်အား ထိုးနှံပေးနိုင်ခဲ့ပြီး နိုင်ငံသား ၃ ဒသမ ၇သန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံ မှုခံယူပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ