ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၁၂၉ ဦး ထပ်မံသေဆုံး

ဧပြီ ၂၀

 

ထိုင်းနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၂၉ ဦးထပ်မံသေဆုံးခဲ့ပြီး တစ်ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားသူ ၁၆၈၉၁ ဦး ရှိသည်။

 

သက်ဆိုင်ရာ အာဏာပိုင်များက နှစ်သစ်ကူးပွဲတော်အားလပ်ရက်များအတွင်း မကြာသေးမီက ခရီးသွားလာမှုများ မြင့်မားလာသဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာအစီအမံများ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားထားသည်။

 

ကျန်းမာရေးအာဏာပိုင်များက နောက်သီတင်းပတ်နှစ်ပတ်မှ လေးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါအစုအပြုံလိုက် ကူးစက်မှုများဖြစ်ပွားနိုင်သည်ဟု ဆိုသည်။   

 

အစိုးရက ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုမှကာကွယ်ရန်နှင့် ဆေးရုံတက် ကုသမှုနှုန်း နည်းပါးစေရန် နှစ်သစ်ကူးပွဲတော် အားလပ်ရက် ခရီးသွားလာရာမှပြန်လာသူများအား ရောဂါလက္ခဏာများ စောင့်ကြည့်ရန်နှင့် နေအိမ်မှပင် အလုပ်များလုပ်ကိုင်ကြရန် အကြံပြုထားသည်။

 

ထိုင်းနိုင်ငံတွင် လူဦးရေ သန်း ၇၀ နီးပါးရှိသည့်အနက် လူဦးရေ၏ ၇၂ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံခဲ့ပြီးဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၆ ရာခိုင်နှုန်း ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို