ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၅၅၇ ဦဂ ထပ်မံတွေ့ရှိ

ဗန်ကောက် ဖေဖော်ဝါရီ ၂၅

 

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၅၅၇ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ၂၂၇၆၈ ဦးရှိ လက်ရှိအချိန်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂ ဒသမ ၇၉ သန်းကျော် ရှိလာပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၂၂၇၆၈ ဦး ရှိလာကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စီမံခန့်ခွဲရေး စင်တာမှ ပြောကြားသည်။

 

ထိုင်းနိုင်ငံအတွင်း ယခုသီတင်း ပတ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျှော့ချရေးအတွက် စားသောက်ဆိုင် များတွင် ညစာစားသောက်ခြင်းနှင့် လူစုလူဝေး ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် တာဝန်ရှိသူများက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ လာမည့်သီတင်းပတ်များအတွင်း နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုများ ထပ်မံ မြင့်တက်လာနိုင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသော နိုင်ငံခြားသားများ အား လာမည့်လမှစ၍ ကိုဗစ်-၁၉ ဆိုင်ရာ ပြည်တွင်းဝင်ရောက်ခွင့် ကန့်သတ်ချက်များအား ဖြေလျော့ ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စီမံခန့်ခွဲရေးစင်တာက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ