ဗန်ကောက် ဖေဖော်ဝါရီ ၁၃
ထိုင်းနိုင်ငံရှိ အဓိကနိုင်ငံရေးပါတီများက အထွေထွေရွေးကောက်ပွဲပြီးနောက် ရက်အနည်းငယ် အကြာတွင် ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
အာဏာရ ဘမ်ဂျိုင်းထိုင်းပါတီက ဖြူထိုင်းပါတီကို ၎င်း၏ ညွန့်ပေါင်းအဖွဲ့အဖြစ်လက်ခံကြောင်း ပြောကြားသည်။ ရှေးရိုးစွဲဝါဒီ ဘမ်ဂျိုင်းထိုင်းပါတီအကြီးအကဲ ဝန်ကြီးချုပ် အနုတင်က ဖြူထိုင်းပါတီ အဖွဲ့ဝင်များနှင့် ယနေ့တွေ့ဆုံခဲ့သည်။
နိုင်ငံရေးပါတီများက ထိုင်းနိုင်ငံကို ပိုမိုခိုင်မာတည်ငြိမ်ပြီး ရေရှည်တည်တံ့သောအနာဂတ်သို့ ယူဆောင်သွားနိုင်ကြောင်း ဝန်ကြီးချုပ် အနုတင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဘမ်ဂျိုင်းထိုင်းပါတီကပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ထောက်ခံမဲအသာစီးဖြင့် အနိုင်ရရှိခဲ့ပြီး အောက်လွှတ်တော်အမတ်နေရာ ၅၀၀ အနက် ၁၉၃ နေရာရရှိရန် ခန့်မှန်းထားသည်။ ဖြူထိုင်းပါတီက အမတ်နေရာ ၇၄ နေရာ ရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


