ထိုင်းနိုင်ငံရှိ လေဆိပ်ခြောက်ခုကို အဆင့်မြှင့်တင်မည်

ဗန်ကောက်  ၁၉  နိုဝင်ဘာ

ထိုင်းနိုင်ငံ၌ ၂၀၁၇-၂၀၃၃ ခုနှစ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံအတွင်းရှိ လေဆိပ်ခြောက်ခုကို အဆင့်မြှင့်တင်မည်ဖြစ်ရာ ယင်းအတွက် ထိုင်းဘတ်ငွေ ၃၉၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၈ ဘီလီယံ) အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ လေဆပ်စီမံခန့်ခွဲမှု အာဏာပိုင်များက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရျီ လေဆိပ်ခြောက်ခုတို့၌ ခရီးသည် ၂၄၃ ဒသမ ၇ သန်းအထိ ဝင်ရောက်နိုင်စေ၇န် အဆင့်မြှင်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဘတ်ဂျက်သုံးစွဲရန်အတွက် လေဆိပ်စီမံခန့်ခွဲမှုဘုတ်(AOT) အဖွဲ့က အတည်ပြုပြီးပြီဖြစ်ကြောင်း အေအိုတီဥက္ကဋ္ဌ နီတီနိုင်ဆရီမက်သာခန်က ပြောသည်။

ဘတ်ဂျက် အသုံးပြုမည့်အစီအစဉ်ထဲတွင် သုဝဏ္ဏဘူမိလေဆိပ်မြောက်ဘက်ခြမ်း ခရီးသည်အဝင်အတွက် စင်္ကြံတည်ဆောက်မှု စီမံကိန်းလည်း ပါဝင်ပြီး အဆိုပါလေဆိပ်အတွင်းသို့ တစ်နှစ်လျှင် နောက်ထပ် ခရီးသွား သန်း ၄၀ ထပ်ဆောင်း ဝင်ရောက်နိုင်အောင် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ အဆင့်မြှင့်တင်မည့် လေဆိပ်ခြောက်ခုတို့မှာ ချင်းမိုင်လေဆိပ်၊ နိုင်ငံမြောက်ပိုင်း မယ်ဖာလေဆိပ်၊ ဒွန်မောင်းလေဆိပ်၊ သုဝဏ္ဏဘူမိလေဆိပ်၊ ဖူးဆက်လေဆိပ်နှင့် နိုင်ငံတောင်ပိုင်း ဟတ်ရိုင်လေဆိပ်တို့ ဖြစ်သည်။

ဆင်ဟွာ