ဘန်ကောက်  မတ်  ၃

ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလတွင် နိုင်ငံခြားခရီးသည် ၃ ဒသမ ၂၆ သန်း လက်ခံကြိုဆိုခဲ့သည်။ နှစ်စနှင့်  နှိုင်းယှဉ်ကြည့်လျှင်  ခရီးသည်  ၄  ဒသမ  ၆၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း   တရားဝင်စာရင်းဇယားအချက်အလက်တွင်   မတ်   ၃   ရက်က ဖော်ပြခဲ့သည်။

လွန်ခဲ့သောလ ခရီးသွားလုပ်ငန်းပြေစာအရ ထိုင်းနိုင်ငံသည်  ခရီးသွားလုပ်ငန်းမှ  ဘတ် ၁၆၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅ ဘီလီယံ) ရရှိခဲ့သည်ဟု ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြခဲ့သည်။ ထိုသို့ရရှိခြင်းက ခရီးသွားလုပ်ငန်းမှ တစ်နှစ်ပြီးတစ်နှစ် ၆ ဒသမ ၀၆ ရာခိုင်နှုန်း တိုးလာခြင်းကြောင့် ဖြစ်သည်။

၂၀၂၆ ခုနှစ်  ပထမနှစ်လအတွင်း  ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် တရုတ်ခရီးသွားအများ ဆုံးဖြစ်ကာ မလေးရှားနှင့်  ရုရှားတို့က   ဒုတိယနှင့် တတိယအများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ လာရောက်သည့် ဆိုက်ရောက်နိုင်ငံခြား ခရီးသည်အရေအတွက်   တစ်သန်းကျော်လွန်ခဲ့သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသည်  ၆  ဒသမ ၆၂ သန်း လာရောက်ခဲ့သည်ဟု ဝန်ကြီးဌာန၏ စာရင်းဇယားအချက်အလက်တွင် ဖော်ပြထားသည်။   ၂၀၂၆  ခုနှစ် တစ်နှစ်ပတ်လုံး ထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသည် အရေအတွက် ၃၆  ဒသမ   ၇  သန်း  ရှိလာမည်ဟု မျှော်မှန်းထားသည်။    

ဆင်ဟွာ