ထိုင်းနိုင်ငံတောင်ပိုင်းတွင် လျှပ်တစ်ပြက်ရေကြီးမှုကြောင့် ၁၃ ဦး သေဆုံး

ဘန်ကောက် ၆ ဒီဇင်ဘာ

 

ထိုင်းနိုင်ငံတောင်ပိုင်း နာခွန်စီသမ်မရတ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်ပွားသောကြောင့် ၁၃ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၅ ရက်က ဖော်ပြ လိုက်သည်။

 

လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပွား

 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း နာခွန်စီသမ်မရတ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ၊ ဖြစ်ပွားသောကြောင့် ၁၃ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန၏ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန် ဖော်ပြချက်အရ သိရသည်။

 

ထိုင်းနိုင်ငံတောင်ပိုင်းရှိ တခြားပြည်နယ် ခြောက်ခုတွင်လည်း လွန်ခဲ့သောလကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွားခဲ့ရာ ရေဘေးဒုက္ခများခံစားခဲ့ရကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးနှင့် လျှော့ချရေးဦးစီးဌာန၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

 

ရေဘေးကူညီမှုများ ဆောင်ရွက်

 

ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ် ခြောက်ခုအတွင်းရှိ ခရိုင်ပေါင်း ၆၀ ၌ရှိသော ကျေးရွာပေါင်း ၂၆၈၀ ရှိ အိမ်ထောင်စုပေါင်း ၃၂၁၀၅၇ စု ရေဘေးဒုက္ခခံစားခဲ့ရသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များက ရေဘေးကူညီမှုများ ဆောင်ရွက်လျက်ရှိသည်။ ။

 

ဆူရတ်ဌာနီ၊ နာခွန်စီသမ်မရတ်၊ ဖတ်သာလွန်၊ ထရန်၊ ဆုန်ခလာနှင့် ကာရရာဘီ စသည့် ပြည်နယ်များတွင် ရေဘေးဒုက္ခခံစားခဲ့ရကြောင်း သိရသည်။

 

ဆင်ဟွာ