ထိုင်းပြည်သူများ ရိုးရာနှစ်သစ်ကူးအားလပ်ရက် “ဆောင်ခရွန်” ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ

 

 

ဘန်ကောက်၊ ဧပြီ ၁၃

 

ထိုင်းနိုင်ငံတစ်ဝန်း ပြည်သူများသည် ရိုးရာနှစ်သစ်ကူးအားလပ်ရက်ကို  ရေများပက်ဖျန်းပြီး ဆင်နွှဲကြသည်။  အဆိုပါပွဲတော်ကို နှစ်ပေါင်း လေးနှစ်ကြာပြီးနောက် ပထမဆုံးအကြိမ် ယခုကဲ့သို့  ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ ကြသည်။

 

“ဆောင်ခရွန်”  ဟုခေါ်သည့် နှစ်သစ်ကူး အားလပ်ရက်သည် ဧပြီ  ၁၃  ရက်က စတင်ခဲ့သည်။ ဆောင်ခရွန်ပွဲတော်ကို ရေကစားခြင်းနှင့်အတူ ဆင်နွှဲခဲ့ကြသည်။

 

ပြင်းထန်သော  အပူချိန်ကိုမေ့ထားပြီး အညစ်အကြေးများကို ဆေးကြောသန့်စင်သည့် ထုံးတမ်းဓလေ့တစ်ခု၏  အစိတ်အပိုင်း တစ်ခုအဖြစ်  ထိုင်းပြည်သူများသည်  လမ်းမများပေါ်ထွက်ပြီး တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည်။ မြို့တော်  ဘန်ကောက်ရှိ အပူချိန်သည် မကြာသေးမီရက် များအတွင်းက ၃၅ ဒီဂရီ ဆဲလ်စီး ယပ်စ်အထိ ရှိခဲ့သည်။

 

အဆိုပါ  ပွဲလမ်းသဘင်ကို ဧပြီ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ထိုင်းပြည်သူများသည် မိသားစုများ  ပျော်ရွှင်စွာ အတူတကွ  တွေ့ဆုံနှုတ်ဆက်ကြလျက် ဘုရားကျောင်းများသို့သွားကာ နှစ်သစ်ကို ကြိုဆိုလျက် ရှိကြသည်။

 

အင်န်အိတ်ချ်ကေ