ထိုင်ဝမ်အရှေ့ပိုင်းကမ်းရိုးတန်းရှိ ၁၄၀ မီတာရှည်တဲ့ တံတားတစ်စင်း ကျိုးကျ

၁ အောက်တိုဘာ

 

ထိုင်ဝမ်အရှေ့ပိုင်းကမ်းရိုးတန်းရှိ မီတာ ၁၄၀ အရှည် တံတားတစ်စင်း ဒီကနေ့ ကျိုးကျခဲ့ရာ ကယ်ဆယ်ရေးသမားတွေက ငါးဖမ်းလှေပေါ်မှာ ပိတ်မိနေသူ ၆ ဦးကို ကယ်ဆယ်ဖို့ ကြိုးစားနေကြပါတယ်။

 

စီစီတီဗီကနေ ဖမ်းယူရရှိတဲ့ပုံတွေအရ အခုံးတစ်ခုံးပဲရှိတဲ့ မီတာ ၁၄၀ အရှည်တံတားမှာ တံတားအလယ်ကနေ  ကျိုးကျပြီး နန်ဖာဂါအို မြစ်ထဲ ထိုးကျသွားပါတယ်။

 

အဲဒီလို တံတားကျိုးကျစဉ်မှာ ငါးဖမ်းလှေ အနည်းဆုံး ၃ စီးနဲ့ လောင်စာဆီရေယာဉ်တစ်စင်းလည်း ရေထဲမှာ သွားလာနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အမျိုးသား မီးသတ်ဌာနကက ပြောပါတယ်။ လူပေါင်း ၁၂ ယောက်ဒဏ်ရရှိကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ တံငါလှေအလုပ်သမား ဖိလစ်ပိုင် ၆ ဦး နဲ့ အင်ဒိုနီးရှား ၃ ဦး အပါအဝင် ‌လောင်စာဆီလှေမောင်းသူ ထိုင်ဝမ်သားလည်း ပါဝင်တယ်လို့ ကယ်ဆယ်လုပ်ဆောင်နေသူတွေက ပြောပါတယ်။

 

ပျောက်ဆုံးနေတဲ့ ၆ ဦးဟာ ကျိုးကျသွားတဲ့ ပစ္စည်းတွေအောက်မှာ ပိတ်မိနေတာဖြစ်နိုင်တယ်လို့ မီးသတ်ဌာနက ဆက်ပြောပါတယ်။

 

အခုကျိုးကျတဲ့တံတားဟာ ၁၉၉၈ ခုနှစ်တည်ဆောက်ခဲ့တာဖြစ်ပြီး သက်တမ်း ၅၀ အာမခံရှိတဲ့ တံတားဖြစ်ပါတယ်။  တံတားကျိုးကျချိန်မှာ ရာသီဥတုက ကောင်းမွန်နေကြောင်း သိရပါတယ်။  လတ်တလော ရာသီဥတုအခြေအနေ နဲ့ ငလျင်တွေကလည်း ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်။ အခုကိစ္စကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

 

ထိုင်ဝမ်ရဲ့ ငါးဖမ်းလုပ်ငန်းမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက ရွေ့ပြောင်း လုပ်သမားအများအပြား အလုပ်လုပ်ကိုင်တာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP