ထနောင်းဝန်းကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှ နေအိမ်နှစ်လုံး မီးလောင်

ရွှေဘို ၂ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ထနောင်ဝန်းကျေးရွာတွင် ဇူလိုင် ၁ ရက် ည ၁၁ နာရီက မထက်ထက်ဦး၏ နေအိမ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။

 

1

 


အဆိုပါမီးလောင်ရာသို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ ကျေးရွာနေပြည်သူ (၂၀ဝ)ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၂၀)ဦးတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၁၁ နာရီခွဲတွင် မီးထိန်းနိုင်၍ ည ၁၁ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ်(၂)လုံး၊ မီးဖိုဆောင် (၁)လုံးနှင့် ဆိုင်ကယ် (၁)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆသူ မထက်ထက်ဦးအား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။


ထွန်းမြင့်အောင် (ရွှေဘို)