ထန်ပါခွေမြို့၌ ‌အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ

ထန်ပါခွေ မေ ၂၄

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ မေ ၂၃ ရက်မှစတင်ကာ ထန်ပါခွေမြို့ အခြေခံပညာကျောင်းတွင် ကျောင်းသား ကျောင်သူများအား ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ထန်ပါခွေမြို့ အခြေခံပညာကျောင်းတွင် မေ ၂၃ ရက်အထိ ကျောင်းအပ်လက်ခံမှုအနေဖြင့် Grade-1 မှ Grade-12 အထိ ကျောင်းသား ၈၃ ဦး၊ ကျောင်းသူ ၈၀ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၆၃ ဦးရှိကြောင်း ထန်ပါခွေမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ သိရသည်။ ကျောင်းအပ်လက်ခံရာသို့ ထန်ပါခွေမြို့ တပ်စခန်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးဖြိုးဝေလင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထန်ပါခွေ(ပြန်/ဆက်)