ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အထည်ချုပ်စက်ရုံဝန်ထမ်းများအား လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသ

ထန်းတပင် ၁ ဇွန်


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေး၊ ပြည်သူလူထုမီးဘေးလုံခြုံရေးနှင့် အသိပညာပြန်ပွားရေးတို့ကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းကာဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တူးချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင်စက်မှုဇုန်၊ မင်းသားလေးအထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

1


အထည်ချုပ်စက်ရုံဝန်ထမ်းများကို မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်ခိုင်ကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးကို စနစ်တကျသုံးစွဲကြရန်၊ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ထောက် မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းက မီးလောင်ကျွမ်းမှုအမျိုးအစားများ၊ မီးအတန်းအစားခွဲခြားခြင်း၊ မီးငြှိမ်းသတ်ခြင်းနည်းစနစ်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံအသုံးပြုနည်းများတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မင်းသားလေးအထည်ချုပ် စက်ရုံဝန်ထမ်းများအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနည်း စနစ်များကို လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။


ဇင်မင်းထိုက်(ထန်းတပင်) 

 

1