Tik Tok နှင့် Oracle ၊ Walmart တို့ပူးပေါင်းမှုကို တရုတ်အစိုးရအတည်ပြုဖွယ်မရှိ

ရှန်ဟိုင်း  ၂၃  စက်တင်ဘာ  

တရုတ်အစိုးရအနေဖြင့်    Tik  Tok    နှင့်  Oracle ၊  Walmart တို့ပူးပေါင်းမှုကို တရုတ် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတော် သိက္ခာပိုင်း ထိပါးသည်ဟု ယူဆသောကြောင့် အတည်ပြုဖွယ်မရှိကြောင်း တရုတ်သတင်းစာ ဂလိုဘယ်တိုင်းမ်စ်က ဖော်ပြသည်။ ယခု ဖော်ပြချက်သည်  တရုတ်အစိုးရ၏ သဘောထားကို တိုက်ရိုက်ဖော်ပြခြင်းမဟုတ်သော် လည်း   ဂလိုဘယ်တိုင်းမ်သည် တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့်   မီဒီယာ လုပ်ငန်း ဖြစ်သည်။

ပူးပေါင်းမှုအရ Tik Tok Tik  Global  ဟု အမည်ပြောင်းလဲသွားမည်ဖြစ်ပြီး     အဆိုပါ ရှယ်ယာ၏ ၈၀  ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီ Byte   Dance   ကသာ  ပိုင်ဆိုင်မည်ဖြစ်သော် လည်း   အမေရိကန်အခြေစိုက်လုပ်ငန်းများ သို့   ပြန်လည်ခွဲဝေရောင်းချရမည်ဖြစ်သလို ဘုတ်အဖွဲ့ဝင် ငါးဦးတွင် လေးဦးမှာ အမေရိကန် လူမျိုးများသာ ခန့်အပ်ရမည်ဖြစ်သည်။ လက်ရှိ အမေရိကန်၌  လည်ပတ်နေသည့်   Tik  Tok ကုမ္ပဏီဘုတ်အဖွဲ့ဝင်   ငါးဦးတွင်   နှစ်ဦးမှာ တရုတ်လူမျိုးဖြစ်ပြီး   ကျန်သုံးဦးမှာ   အခြား နိုင်ငံခြားသားများဖြစ်သည်။ 

ဂလိုဘယ်တိုင်းမ်သတင်းဌာနက   Tik  Tok   ကို   အမေရိကန်ထိန်းချုပ်မှုမှာ   စံပြ မော်ဒယ်တစ်ခု ဖြစ်လာသည်ဆိုပါက ကျန်တရုတ်ကုမ္ပဏီများလည်း ယခုလို အလားတူ အခြေအနေမျိုး   ဆက်လက်ကြုံတွေ့နိုင်မည်ဖြစ်ပြီး ရေရှည်တွင် အမေရိကန်အကျိုးစီးပွား အတွက်     လုပ်ဆောင်ပေးခြင်းသက်သက် သာဖြစ်မည်ဟု ဝေဖန်ရေးသားထားသည်။

အမေရိကန်သမ္မတထရမ့်က ဆိုက်ဘာလုံခြုံရေးအကြောင်းပြချက်ဖြင့် အမေရိကန်တွင်    လည်ပတ်နေသည့်   Tik  Tok    ကို  အမေရိကန်ပိုင် လုပ်ငန်းများသို့    ရောင်းချရန် တွန်းအားပေးခဲ့ပြီး       ထိုသို့မလိုက်နာပါက ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ရာတွင် စက်တင်ဘာ  ၂၀  ရက်ကပင်  Tik  Tok  နှင့် Oracle ၊  Walmart တို့  ပူးပေါင်းမည်ဖြစ်ပြီး အမေရိကန်တွင် အဆိုပါလုပ်ငန်း  ဆက်လက် လည်ပတ်ခွင့်ရရှိပြီဖြစ်ကြောင်း  သမ္မတထရမ့် ကိုယ်တိုင်  ပြန်လည်ပြင်ဆင်ကြေညာခဲ့သည်။   ယခုလို ပူးပေါင်းမှုအတွက် အမေရိကန်အစိုးရ ဘက်ကသာမက တရုတ်အစိုးရဘက်ကလည်း သဘောတူညီချက်     လိုအပ်မည်ဖြစ်ကြောင်း  Byte   Dance  ကုမ္ပဏီက  ပြောကြားထား သည်။

ကိုးကား-စီအင်န်အေ

ဘာသာပြန်-မေလဲ့သင်း