တာဆန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လက်နက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဇွန်

ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ တာဆန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇွန် ၁၃ ရက်က  မိုင်းတုံမြို့ဘက်မှ တာဆန်း-နမ့်စန်ဘက်သို့ ပုံပါကျင်မြို့၊ အကွက်(၁)နေ စိုင်းဆိုင်မှိုင်း မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ အိုက်ထိုင်း လိုက်ပါလာသော ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ထိုင်ခုံအောက်မှ M- 22(၂)လက်၊ ကျည်အိမ်(၂)ခု၊ 9mm Glock အမျိုးအစား ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊  X9 Shooter 9mm Para စာတန်းပါ ပစ္စတို(၁)လက်၊ ကျည်အိမ်(၂)ခု၊ SigSauer 9mm Newington NH USA စာတန်းပါ အူဇီသေနတ်(၁)လက်၊ ကျည်အိမ်(၂)ခု၊ 9mmကျည်(၁၃)တောင့်၊ သေနတ်ပြောင်းတိုက်တံ(၁)စုံ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၂)ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မိုင်းပန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ကနဦးစစ်ဆေးချက်အရ အဆိုပါလက်နက်များအား နာကောင်းမူကျေးရွာနေ ဖိုးထောက်မှိန်း (ခ)စိုင်းမှိန်း(စိစစ်ဆဲ)မှ အခကြေးငွေပေးကာ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာသို့ ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊  ဧပြီလခန့်ကလည်း ပစ္စတိုသေနတ်(၃)လက်အား တစ်လက်လျှင်(၂)သိန်းကျပ်နှုန်း ပေးကာပို့ဆောင်ခိုင်း၍ သွားရောက်ပို့ဆောင်ခဲ့ကြောင်း စစ်ဆေးသိရှိရပြီး ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

MDN