တာချီလိတ်မြို့၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

တာချီလိတ် ၁၂ ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပခဲ့သည်။

 

ပထမဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍  ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို နံနက် ၇ နာရီတွင်   ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ဖတ်ကြားခဲ့သည်။

 

ထို့နောက် ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ပေး အပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နှင့်ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့ကြသည့် လူပုဂ္ဂိုလ် သုံးဦးအား စစ်ဗျူဟာ(အခြေချ)တာချီလိတ် ဗျူဟာမှူး ဗိုလ်မှူးကြီးသူရဇော်ကလည်းကောင်း၊ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ပေးအပ်သည့် လူမှုထူးချွန်တံဆိပ်ရရှိသော လူပုဂ္ဂိုလ်(၇)ဦးအား ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲဥက္ကဋ္ဌကလည်းကောင်း ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ အခမ်းအနားအပြီးတွင် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ရိုးရာအစားအစာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)