တာချီလိတ်မြို့၌ သင်္ကြန်အတက်နေ့ သင်္ကြန်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုနှင့်အတူ သင်္ကြန်မယ်ဆုရွေးချယ်

တာချီလိတ် ၁၆ ဧပြီ 

 


မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယနေ့ သင်္ကြန်အတက်နေ့ နံနက်ပိုင်းက သင်္ကြန်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုနှင့်အတူ သင်္ကြန်မယ်ရွေးချယ်ခြင်း၊ သင်္ကြန်ချစ်ပြည်သူများ ရေပက်ခံခြင်း၊ ရေကစားခြင်းများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

 

dd


အဆိုပါ ဗဟိုမဏ္ဍပ်၌ ညပိုင်းတွင် သင်္ကြန်ယိမ်းအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခြင်း၊  နံနက်ပိုင်းတွင် သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များက သီဆိုဖျော်ဖြေဧည့်ခံလျက်ရှိပြီး ပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ရေကစားသူများ အန္တရာယ်ကင်းရှင်းစေရေး လုံခြုံရေးအဖွဲ့များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

d


အလားတူ မြို့ပေါ်ရပ်ကွက်များရှိ မဏ္ဍပ်များတွင် ရေကစားသူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုန်းထွန်၊ မယ်ဟုတ်နှင့် နမ့်မွေရေချောင်းတို့တွင် ရေကစားသူများ၊ အပန်းဖြေအနားယူသူများဖြင့် စည်ကားနေကြောင်း သိရသည်။

 


ဖြိုးလေး(ပြန်/ဆက်)

 

d