တာချီလိတ်မြို့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၃ ဦးအား တာဝန်ရှိသူများ လက်ခံ

တာချီလိတ်      ဇွန်      ၄

ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လွှဲပြောင်းသည့် ရွှေ့ပြောင်းမြန်မာ အလုပ် သမား ၂၀၃ ဦးကို တာဝန်ရှိသူများက ဇွန် ၄ ရက် နံနက်ပိုင်းက အမှတ်-၂ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ၌ လက်ခံခဲ့သည်။

နေရပ်ပြန်များတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၅၆ ဦး နှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသူ အမျိုးသား ၁၀၁ ဦး၊ အမျိုးသမီး ၄၆ ဦး စုစုပေါင်း ၁၄၇ ဦးတို့ကို နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်လဝကဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ပြီး ဝမ်လုံး Quarantine Centre တွင် ငါးရက်ထားရှိကာ ဆေးစစ်မှု နှစ်ကြိမ် ထပ်မံပြုလုပ်ပြီး ရောဂါပိုးကင်းရှင်းပါက နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)