တာချီလိတ်မြို့နယ်၌ လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

တာချီလိတ် ၂၄ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီနော်(၂)ကျေးရွာတွင် မတ် ၂၃ ရက် ည ၇ နာရီ ၂၅ မိနစ်ခန့်က လျှပ်စစ်ရေနွေးအိုးဖြင့် ရေနွေးတည်ရာမှ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 

ိ

 

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၈ နာရီ မိနစ် ၄၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင် စိုင်းယီအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ခိုင်လင်း(ပြန်/ဆက်)

 

ိ