တာချီလိတ်မြို့တွင် တယ်လီနော မိုဘိုင်းဖုန်းဆက်သွယ်ရေး တာဝါတိုင် မီးလောင်မှုဖြစ်ပွား

တာချီလိတ် ၁၃ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် (၅)လမ်းထိပ်၊ ဝမ်မိုင်ရွာသွားလမ်းဘေးရှိ တယ်လီနော မိုဘိုင်းဖုန်းဆက်သွယ်ရေး တာဝါတိုင် ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

ေ

 

အဆိုပါမီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ငြှိမ်းသတ်ခဲ့ပြီး တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီမှ တာဝါတိုင်ဖြစ်ကြောင်း သိရှိရသဖြင့် မြို့မရဲစခန်းမှ တာဝန်ရှိသူအား ခေါ်ယူကာ ဉပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

ေေ