တာချီလိတ်၌ ဘုရားမီးပူဇော်သည့် ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်ခန်းအတွင်း မီးလောင်မှုဖြစ်ပွား

တာချီလိတ်  ၂   ဖေဖော်ဝါရီ  

 

တာချီလိတ်မြို့၊ ပါလျံ(၃)ရန်အောင်မြေရပ်ကွက်၊ စည်ပင်ရုံးဘေးလမ်းကြားရှိ နေအိမ်တစ်အိမ်၌  ဖေဖော်ဝါရီ ၁ ရက်နေ့၊  ည ၈ နာရီခွဲ အချိန်ခန့်က  ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျ၍ နေအိမ်ခန်းအတွင်း မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။            

 

ဖြစ်စဉ်မှာ ဒေါ်နန်းညွှန့် ၏ နေအိမ်အခန်းတွင် ၎င်း၏သားမက်ဖြစ်သူ ကျော်သူအောင် သည် အခန်းအား သန့်ရှင်းရေး လာရောက်ဆောင်ရွက်စဉ် ဘုရားစင်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီး ပူဇော်ထားရှိခဲ့ပြီး ၊ ဖယောင်တိုင် မီးအားမငြှိမ်းဘဲ တံခါးပိတ်၍ ပြန်သွားခဲ့ရာမှ ဖယောင်းတိုင်လဲကျပြီး အခန်းအတွင်း မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။  

 

မီးလောင်ရာသို့  မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးဉာဏ်မြင့်ထွန်း ဦးစီးအဖွဲ့၊ အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း ဦးစီးအဖွဲ့တို့က မီးသတ်ယာဉ်(၂)စီး ၊ ရေသယ်ယာဉ်(၁)စီး တို့နှင့်အတူ  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး ၊ တာချီလိတ်မြို့မရဲစခန်းမှူး  ဒုတိယရဲမှူး မျိုးခိုင် နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် ၈ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ 

 

မီးလောင်မှုကြောင့် လူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် မီးအားပေါ့ဆစွာသုံးစွဲသူ ကျော်သူအောင် အား တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ခိုင်ခိုင်(ပြန်/ဆက်)

 

111111111