တာချီလိတ်၌ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်အဖြစ် အားကစားပွဲတော်များ ကျင်းပ

တာချီလိတ် ၂၂ စက်တင်ဘာ

            တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အလှူရှင်များ ပူးပေါင်းစီစဉ်သည့် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်အဖြစ် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို တာချီလိတ်မြို့မ အားကစားကွင်း၌ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ကျင်းပခဲ့သည်။

            အခမ်းအနားတွင် တာချီလိတ်မြို့နယ် စီမံခန့်ခွဲ့မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြိုင်ပွဲကျင်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အားကစားတွင် ပါဝင်ယှဉ်ပြိုင်ကစားကြမည့် လူငယ်မောင်မယ်များအား တရားမျှတသောနည်းလမ်းဖြင့် အနိုင်ယူတတ်ခြင်း၊ အားကစားစိတ်ဓာတ်ကောင်းများ ထားရှိကာ ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားကာ ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အားကစားပွဲတော်တွင် အားကစားနည်း ၁၂ မျိုး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အသက် ၁၆ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ ၁၃ ရက်၊ ၁၄ ရက်နေ့များတွင် စတင်၍ကျင်းပခဲ့ကာ ကျောင်းပေါင်းစုံ မြန်မာ့သိုင်း၊ ဗန်တိုသိုင်းပြိုင်ပွဲများကို စက်တင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည်။

            ထို့နောက် ကျောင်းအခြေပြုကို စက်တင်ဘာ ၂၂ ရက် နံနက် နာရီခန့်က ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်မြို့ရှိ အခြေခံပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀၄ ဦးက မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်()တံတားအနီးမှ ပုန်းထွန်လမ်းဆုံထိ၊ ပုန်းထွန်လမ်းဆုံမှ မြို့မအားကစားကွင်းအထိ ပြိုင်ပွဲဝင်ခဲ့ကြပြီး ဆုရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

            ဆက်လက်ပြီး စက်တင်ဘာ ၂၃ ရက်တွင် စစ်တုရင်၊ ဖူဆယ်နှင့် ဘော်လီဘောပြိုင်ပွဲများကို လည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ပြေးခုန်ပစ်ပြိုင်ပွဲကို လည်းကောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် စားပွဲတင် တင်းနစ်နှင့် ကြက်တောင်ပြိုင်ပွဲများကို လည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)    

 

fgsd