တာချီလိတ်နှင့် ကွမ်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးများ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ၃၀ ဇွန်

 

ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးရှိ လျှိုအတွင်းမှ စုစုပေါင်း ငွေကျပ် ၂၆၉၄၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၄၈၀ဝ၀ဝ၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၁၄၈ ကီလို၊ အေကေ-၄၇ တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ (၂)လက်၊ တစ်လုံးထိုးသေနတ် (၂)လက်၊ ၎င်းကျည် (၅)တောင့်၊ နှစ်လုံးပြူးသေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာအုပ်စု၊ ဖာဆန်ကျေးရွာ၊ ကွမ်းလုံ-ကန်မိန်းသွား ကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ရဲဇော်၊ ဝင်းခိုင်နှင့် နိုင်လင်းတို့ ၃ ဦးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ဝ၊ မြန်မာငွေကျပ် ၁၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား