နေပြည်တော် ဇွန် ၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၅ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာနေ စိတ္တ ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရှာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀ဝဝ ကိုလည်းကောင်း။
ဇွန် ၄ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ သပြေလမ်းသွယ် (၁)တွင် မောင်စိုး(ခ)သိန်းနိုင်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ သိမ်းဆည်းရမိခဲ့သဖြင့် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား