တာလေမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်း သာယာစွာ ပညာသင်ကြားလျက်ရှိ

တာလေ ဇွန် ၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ဇွန် ၃ ရက် နံနက် ၈ နာရီမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

တာလေမြို့တွင် အထက်တန်းကျောင်း (၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁)ကျောင်း၊ မူလတန်းလွန်ကျောင်း (၅)ကျောင်းနှင့် မူလတန်းကျောင်း (၁၆)ကျောင်း၊ မူလတန်းကျောင်းခွဲ (၅)ကျောင်း စုစုပေါင်း‌ကျောင်း(၃၀)ရှိပြီး အဆိုပါ ကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျောင်းဝင်းများအတွင်း အဖွဲ့အစည်းပေါင်းစုံဖြင့် စုပေါင်းသန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ထားရှိကာ ယနေ့ကျောင်းတက်ချိန်တွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

 

မိုးလရောင်(ပြန်/ဆက်)