တာလီဘန် အကျဉ်းသား ၅၀၀၀ လွတ်ပေးခဲ့ဟု အာဖဂန်အစိုးရ ပြော

၄ စက်တင်ဘာ

 

 

စစ်သွေးကြွ အုပ်စုများနှင့် အပစ်အခတ် ရပ်စဲရေး စတင်နိုင်ရန် တာလီဘန် အကျဉ်းသား ၅၀၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း အာဖဂန် အစိုးရက ပြောကြားခဲ့သည်။

 

 

ဖေဖော်ဝါရီလ အတွင်းက အမေရိကန်ပြည်ထောင်စုနှင့် တာလီဘန် တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်အရ အာဖဂန် အစိုးရနှင့် တာလီဘန်တို့ နှစ်ဖက်စလုံးမှ ဖမ်းဆီး ထိန်းသိမ်းထားသော အကျဉ်းသားများကို လွတ်ပေးခဲ့ခြင်းဖြစ်သည်။

 

 

တာလီဘန်များက ၎င်းတို့ ဖမ်းဆီးထားသည့်  အကျဉ်းသား အားလုံးကို လွှတ်ပေးပြီးခဲ့ပြီးနောက် အာဖဂန် အစိုးရမှလည်း တာလီဘန် အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တာလီဘန်တို့က တောင်းဆိုခဲ့သည်။

 

 

ဖေဖော်ဝါရီလ အတွင်းက သဘောတူညီချက်အရ အာဖဂန်အစိုးရသည် တာလီဘန် အကျဉ်းသား ၅၀၀၀ အား လွှတ်ပေးရန်နှင့် တာလီဘန်များ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မစတင်မီ အာဖဂန် အစိုးရမှ တာလီဘန် တပ်ဖွဲ့ဝင်  ၁၀၀၀ ကို လွှတ်ပေးရန်တို့ ဖြစ်သည်။

 

 

သို့သော်လည်း အာဖဂန်နစ္စတန်တွင် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်